Sunday 31 July 2011

သူရသတ္တိနည်းလျှင် ပျက်စီးရမည်

အမျိုးသားတို့သည် သူရသတ္တိနည်းပါးကြမူကား ခွန်ကားဗလနှင့် ပြည့်စုံသောသူတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော် မုချပျက်စီးရလိမ့်မည်။

သူရသတ္တိနည်းသောအမျိုးသားတို့သည် ဗြိုးရိုကရက်တို့၏ သြဇာအာဏာသားများ ဖြစ်ကြရပေပေလိမ့်မည်။ 

ထိုပုဂ္ဂိုလ်တို့သည် မိမိတို့သည် မိမိတို့၏မူလရည်ရွယ်ရင်း အကြံကိုစွန့်၍ တိုင်းပြည်ရေးရာတို့တွင် ပေလာယျဖြစ်ရှိကြပေလိမ့်မည်။

ဆရာတော်နှင့်အမျိုးသားတို့မှာ ဗြူရိုကရက်တို့နှင့် တွေ့ဆုံနှီးနှောရန် အကြောင်းခြင်းမတူ အယူလမ်းလွဲရှိလေသည်။

ပြည်သူအမျိုးသားတို့က အကောင်းကိုမြင်လျှင် ဗြူရိုကရက်တို့က အဆိုးထင်လေသည်။ 

ပြည်သူတို့က ကြီးပွားချမ်းသာရာဖြစ်သော ဟုမ္မရူးလုံးလုံးကို ရုတ်ခြည်းခဏ ရလိုကြ၏။ 

အစိုးရတို့က ဿရိယအာဏာ လက်ရှိပြီးဖြစ်၍ ထိုအာဏာကို တစွန်းတစမျှ ခွဲဝေလိုသော ဆန္ဒမရှိ ခွဲဝေးပေးရန်ကိုလည်း အလွန်မနှစ်သက်နိုင် ဖြစ်ချေသည်။

ပြည်သူတို့က ဟုမ္မရှူးရရန် သည်းသည်းထန်ထန် ကြံကြံ အားစိုက် တောင်းဆိုကြသောအခါ အစိုးရတို့က ပြည်သူတို့သည် ဆူပူလှုပ်ရှားတော်လှန်ပုန်ကန်ခြင်း စိတ်ထားပေပြီဟု စွပ်စွဲကြလေသည်။

အစိုးရတို့၏ စိုးမူစိုးကျင့်သည် ကြိုးကြိမ်အာဏာနှင့် လက်နက်အင်အားပေါ်မှာသာတည်၏။

ပြည်သူတို့သည် ထိုမည်သည့် အာဏာအင်အားမျိုးကိုမဆို ချိုးဖျက်ပပျောက်စေရန် ကြံစည်အားထုတ်လျက်ရှိကြသည်။

သို့ကြောင့် မစ္စတာဘားနတ်ဟောက်တန်က ထိုအရေးကို မည်ကဲ့သို့ အားထုတ်အောင်မြင်ရန် အကြံပေးစေသည်။

ယခုလာလတံ့သော ဒီမိုကရေစီခေတ်ကြီးသည် နှလုံးရည်ဗလဖြင့် ကျင့်ကြံကြိုးစားဖို့ရာ နှိုးဆော်တိုက်တွန်းရပေသည်။ ယင်းသို့အကြောင်းကိုမြန်မာအမျိုးသားတို့က ကောင်းကောင်းကြီး သိထိုက်လှပေသည်။

မြန်မာတို့သည် သူရသတ္တိနည်းပါးခြင်း မိမိတို့အကြံမှ ယိမ်းယိုင်၍ တဘက်သို့ပါခြင်း ဗြူရိုကရက်တို့၏ အမိန့်ဟူသမျှကို တစမကျန်  မှန်မမှန်ဟူ၍ မတွေး ကောင်းဆိုးမရွေးဘဲ ဦးခေါင်းငုံ၍ လိုက်နာကြခြင်းကို ဖျောက်ဖျက်ဖယ်ရှားကြရမည်။ 

မြန်မာအမျိုးသားတို့သည် အနှောင်အဖွဲ့မှ လွတ်လပ်သော သူများကဲ့သို့ အတွေးအထင်း အမြင်အကျင့်ဟူသမျှသော ဓလေ့တို့၌လေ့လာကျင့်မူ၍ ငါတို့၏ လောကသဘာဝတရားအတိုင်း လွတ်လပ်စွာနေထိုင်ခွင့်ကို ရအောင်ယူရမည်။

မြန်မာလူမျိုးတို့သည် နိုင်ငံခြားအစိုးရ၏လက်အောက်တွင် နေသမျှကလပတ်လုံး မည်သည့်အခါမျှ ကြီးကျယ်ထွန်းကားနိုင်တော့မည် မဟုတ်ပေ။

မြန်မာလူမျိုးတို့သည် လွတ်လပ်ရေးကို တောင်းတလိုလာကြသည်။

ထို့ကြောင့် အပသူတို့၏ ဝင်စွက်ဖက် နှောင့်ယှက်ခြင်း မရှိစေရဘဲ မိမိတို့ကိုယ်တိုင် လွတ်လပ်ခြင်းကို ရအောင်ကြံဆောင်ကြရမည်။

တချို့သောမိတ်ဆွေတို့က ကောင်စီအတွင်းသို့ဝင်၍ အစိုးရတို့၏ ဆောင်ရွက်ခြင်းကို အနှောင့်အယှက် ပြုလုပ်ကြမည်ဟု ကြံစည်ကြသည်။ 

ဘုံဘေကရိုနိကယ် ခေါ် သတင်းစာ၌ တွေ့ရသော ဆောင်ပါးတစ်ခု၏ အဆိုမှာ ကား အထက်ထက်က ကောင်စီအတွင်းသို့ ဝင်ရောက်ရန် လိုလားတိုက်တွန်းကြသော ပုဂ္ဂိုလ်ကြီးတို့သည် ယခုအခါ အိမ်ခေါင်၊ လမ်းဘေး အဝဝတို့ကပင်လျှင် အနှောင့်အယှက်ပြုလုပ်ရန် ကောင်စီအတွင်းသို့ဝင်ကြောင်း။ 

ထိုကောင်စီးအတွင်း၌ တစုံတရာအနှောင့်အချက်ကို မပြုနိုင်ကြောင်း ဖွင့်မြွက်ဝန်ခံကြပြီးမှ အစိုးရနှင့်မဆက်ဆံဘဲ မအောင်မြင်နိုင်ရှိရကြောင်းနှင့်ရေးခဲ့သည်။

ထိုဆိုခဲ့သော ပုဂ္ဂိုလ်တို့မှာ ပညာဥာဏ် အမြော်အမြင်မရှိကြခြင်းကြောင့် စာပေမတတ်၊ မပါးနပ်သော ပြည်သူဆင်းရဲတို့က ၎င်းတို့အား ကောင်စီသို့ဝင်နိုင်အောင် မာယာဖြင့် ထိုသို့လှည့်ဖြား၍ မဲဆန္ဒပေးစေခြင်းအလို့ငှါ ထိုသို့ကောင်စီသို့ဝင်ရောက်မည်ဟု ပြောဆိုသည့် လက္ခဏာရှိကြောင်း ဆရာတော်၏စိတ်၌ မငြင်းပယ်သာ ဤသို့မှန်းရာ တွေးထင်တော့လေသည်။

No comments:

Post a Comment