Sunday, 31 July 2011

ဣဿရိယ အာဏာစက်

အစိုးရနှင့်ဆက်ဆံကျွမ်းဝင်၍ မျက်နှာလိုလားကြသော သူအများပင်ရှိသောကြောင့် ဝံသာနုအမျိုးသားတို့ ကော်စီမဝင်သော်လည်း ကောင်စီ၌အမတ် မရရှိနိုင်ဟု ဆရာတော်ကမဆိုလို ဗြူရိုကရက်တို့နှင့် နှောက်ယှက်ကန့်ကွက်ရသော် အကျိုးထူးတစုံတရာ ခံစားကြရလိမ့်မည်ဟု ရိုးဖြောင့်စွာ အယူရှိသော သူများလည်း ရှိကြပေသည်။

ဆရာတော်တို့၌ အပေါင်းပါမိတ်ဆွေတို့ကဲ့သို့ပင်လျှင် တိုင်းပြည်နှင့်အမျိုးသားတို့ကို ချစ်ခင်သော သူတို့ပင် ရှိကြပေသည်။ သို့သော် ထိုသူတို့သည် ဆွေးဆွေးနွေးနွေးဆောင်ရွက်ခြင်းကို အလိုရှိ၍ သူရဲဘောသတ္တိနည်းသော သူများဖြစ်ခြင်းကြောင့် ရွတ်ရွတ်ချွန်ချွန် မဆောင်ရွက်ဝံ့ကြပေ။ 

ထိုပုဂ္ဂိုလ်များတို့သည် စွန့်စား၍ ရွတ်ရွတ်ချွန်ချွန် ဆောင်ရွက်သူများက ရှောင်ရှား၍ ပေးသောအခါမှ အသင့်သွားရောက်၍ ကျော်စောထင်ရှားစွာ ပြည်သူအများ၏ နာယကဦးစီး ပြုလုပ်ကြပါစေ။ 

သို့ရာတွင် ကာလရှည်လျား၍လာသောအခါ ထိုသို့ပုဂ္ဂိုလ်တို့သည် အစိုးရတို့၏ ပိုင်ကွန်အတွင်းသို့ဆင်းလျှက် အစိုးရ၏သဘောမျိုးအယူအဆတိုင်း ယူဆကြပေလိမ့်မည်။ 

ထိုပုဂ္ဂိုလ်တို့သည် ဿရိယအာဏာဖြင့် ဖိစီးတတ်သူများပင်လျှင် ဖြစ်လာပေလိမ့်မည်။

No comments:

Post a Comment