Sunday 31 July 2011

သွေးမထွက်သောစစ်ပွဲကြီးကို နွဲကြ

မြန်မာအမျိုးသားတို့သည် ရှေ့သို့တိုးတက်လှမ်းသွားရန် မည်သို့ကြံကြမည်ဟု ဆုံးဖြတ်ရန်သင့်ကြပြီး အိန္ဒိယပြည်ကဲ့သို့ မြန်မာပြည်သည်လည်း လွတ်လပ်ရေးကိုမရ ရအောင်ယူမည်ဟု အဓိဌာန်ထားကြလေသည်။

အရာရှိတို့သည် မိမိတိုပကိုယ်ကျိုးကို မျှော်ကိုးမက်မောရှိခြင်းကြောင့် အစိုးရ၏ ဖွင့်ထုတ်ပြန်ဆိုပြီးဖြစ်သော အုပ်စိုးနည်းစနစ်ကိုပင်လျှင် ဂရုမထားကျော်လွှားဖောက်ပြန်ပြုကြသည်။

မြန်မာပြည်၌ သွေးထွက်သံယိုရှိအံ့သော အကြမ်းဘလက်ကာယကို မပြု၍ ဿရိယအာဏာ ကွန်ချာပခြုပ်မှ လွတ်မြောက်နိုင်ကြအောင် စစ်ပွဲကြီးတမျှ တိုက်ခိုက်ကြပေလိမ့်မည်။ 

ယင်းသို့သာလျှင်မြန်မာအမျိုးသားတို့ ဖြေဆိုရန် ရှိပေတော့မည်။

အစိုးရဟူသည် မည်မျှပင် သည်းထန်ရက်စက်စေကာမူ ပြည်သူတို့၏ တလုံးတည်းပေါင်းစည်းကြံစည်၍ လွတ်လပ်ရေးရှာကြတော့မည်ဟူသော အဓိဌာန်ဖြင့် လုပ်ကြံခြင်းကို တာရှည်စွာ မခံမရပ်နိုင်ဖြစ်ချေသည်။ 

မြန်မာအမျိုးသားတို့၏ လုပ်ရေးမှာ အသင်းဖွဲ့ခြင်း ပေါင်းစည်း ညီညွတ်ခြင်းကိုပြု၍ တသံတည်း မိမိတို့၏ လိုလားရရှိထိုက်သော အခွင့်အရေးအတွက် ဆောင်ရွက်ပါမူ မည်ကဲ့သို့ပင်လျှင် ပြည်သူ၏အကျိုးကို မလိုလားသူ ဖြစ်စေကာမူ လက်လျော့ယိမ်းပါး ရပေလိမ့်မည်။

ရှေ့ခေတ်အခါတို့၌ မြန်မာတို့သည် အလွန်ကြီးကျယ်၍လာခဲ့ကြဖူးပြီးမဟုတ် တုံလော အနာဂတ်ကာလအတွက် အတိဒုက္ခတွေ့ကြုံကြရသောအခါ ကြောက်လန့်တုံလှုပ် နောက်ဆုတ်ခြင်းမရှိသင့်ကြပေ။

မြန်မာတို့သည် ယခုအခါ နက်နဲကြီးလေးသော အရေးကိစ္စနှင့် ကြုံတွေ့ခဲ့ပြီးဖြစ်ခြင်းကြောင့် မည်သို့သော ခလုပ်ကန်းသင်းတို့နှင့်ပင် ရင်ဆိုင်မိကြသည်ဖြစ်စေမိမိတို့၏ လွတ်လပ်ခြင်းအောင်ပန်းကို ဆွတ်လှမ်းခူးယူရန် စွမ်းသစ်သော သတ္တိဖြင့် တိုက်ခိုက်ကြ၇မည်။

No comments:

Post a Comment